နာတာရှည်ရောဂါများ ကုသပေးခြင်း (Chronic illness Care)
ချယ်ရီကောင်းကောင်းဆေးခန်း တွင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ စသည့် နာတာရှည်ရောဂါဝေဒနာရှင်များ ပုံမှန်ပြသနိုင်ပါသည်။ နာတာရှည် လူနာများ ပုံမှန် သောက်နေရသော ဆေးဝါးများ အကြောင်းကို (ကောင်းကျိုး၊ဘေးထွက်ဆိုးကျိုး၊ဆေးအချင်းချင်း ဓာတ်ပြုမှု များ စသည်) နားလည်စေရန် သင်ကြားပြသပေးပါသည်။ နာတာရှည်ရောဂါများ၏ နောက်ဆက်တွဲရောဂါများ (မျက်စိ၊ကျောက်ကပ်ရောဂါစသည်) ဝင်လာပါက စနစ်ကျအဆင်ပြေစွာ ကုသမှုနိုင်စေရေး ဆောင်ရွက်ပေးပါသည်။ လူနာကိုယ်တိုင် လိုက်နာရမည့် နေထိုင်စားသောက်နည်း၊ သတိပြုစစ်ဆေးရမည့်နည်းလမ်းများ သင်ကြားပြသပေးပါသည်။