သောက်နေကျ ဆေးဝါးများ စစ်ဆေးပေးခြင်းနှင့် စာရင်းပြုစုပေးခြင်း (Medication Review and Reconciliation)


သောက်နေတဲ့ဆေးတွေ အများကြီး ဖြစ်နေတယ်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြောင့် ဒုက္ခရောက်မှာ ခံစား ရမှာလဲ ကြောက်နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ

နာတာရှည်ရောဂါတွေ ထိန်းသိမ်းဖို့ ဆေးဝါးတွေသောက်နေရတဲ့သူတွေ အနေနဲ့ ဆေးတိုင်းဆေးတိုင်းကို ဂဃနဏ နားလည်ဖို့ရယ်၊ ရောဂါနဲ့ ဆေးဝါး သင့်တော်မှု ရှိ/မရှိရယ် သိဖို့ လိုပါတယ်။

ဒီအတွက် ဆေးအများကြီး သောက်နေရတဲ့ သူတွေ အတွက်  ချယ်ရီကောင်းကောင်းဆေးခန်းမှာပဲ သီးသန့် ရရှိနိုင်တဲ့ ဝန်ဆောင်မှုကတော့ ပုံမှန် သောက်နေကျ ဆေးဝါးများ စာရင်းပြုစု စစ်ဆေးပေးခြင်း (Medication Review and Reconciliation) ပဲ ဖြစ်ပါတယ်။ 

ဘယ်သူတွေ ရယူသင့်သလဲ

အသက် ၆၀နှစ်နှင့် အထက် အဖိုးအဖွားတွေ၊ 

နာတာရှည်ရောဂါ (၃-၄)မျိုး တစ်ပြိုင်နက် ခံစားနေရသူတွေ၊

ဆေးဝါး (၅)မျိုးအထက်သောက်သုံးနေရသော Polypharmacy လူနာများအတွက် နားလည်ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးများ စာရင်းပြုစု စစ်ဆေးပေးခြင်း ဝန်ဆောင်မှု ရယူသင့်ပါတယ်။

ဘာတွေ လုပ်ပေးမှာပါလဲ

CKK Clinic တွင် ဆေးဝါးဗေဒ မဟာဘွဲ့ ရ ဆရာဝန်မှ 

  • သောက်သုံးနေသော ဆေးတစ်မျိုးချင်းစီ အကြောင်း သေချာရှင်းပြခြင်း၊ 
  • ဆေး သောက်ချိန်သောက်နည်း မှန်ကန်အောင်/အထိရောက်ဆုံးဖြစ်အောင် ပြောပြပေးခြင်း၊ 
  • ဆေး၏ ဘေးထွက်ဆိုးကျိုးများ အကြောင်း ရှင်းပြခြင်း၊ 
  • ပုံမှန် သောက်နေကျ ဆေးဝါးစာရင်း ပြုစုပေးခြင်းများ‌ ဆောင်ရွက်ပေးပါသည်။ 
  • မှတ်တမ်းစာရွက် ရရှိပါမည်။
ဘာတွေ အကျိုးကျေးဇူး ရနိုင်မလဲ
ဆေးဝါးများ စာရင်းပြုစု စစ်ဆေးပေးခြင်း ဝန်ဆောင်မှု ရယူခြင်းအားဖြင့် 
မလိုအပ်ဘဲ ထပ်နေတဲ့ ဆေးတွေကို သိရှိနိုင်ခြင်း၊
တကယ်လိုအပ်သော ဆေးများကိုသာ သောက်သုံးရခြင်း၊
ဆေး၏ ဘေးထွက်ဆိုးကျိုးနှင့် ကောင်းကျိုး ချိန်ဆနိုင်ခြင်း၊

ဘယ်မှာ ပြရမလဲ

ဆေးခန်းမှာ လာရောက်ပြသလို့ ရသလို Online Teleconsultation နဲ့ လဲ ပြသလို့ရပါတယ်။

ဘယ် အချိန်တွေ ပြသလို့ ရမလဲ

သာကေတမြို့နယ်ရှိ ဆေးခန်းတွင် စနေ တနင်္ဂနွေ နံနက် ၈ နာရီမှ ၁၁ နာရီအတွင်း ပြသနိုင်ပါတယ်။
Online consultation အတွက် 095057691 သို့ ဆက်သွယ်ပြီး ကြိုတင်ဘိုကင် ရယူဆောင်ရွက်နိုင်ပါတယ်။

ကိုယ့် ကျန်းမာရေး ကိုယ့်ရဲ့ဆေး အထိရောက်ဆုံးနဲ့ ဘေးအကင်းဆုံး ဖြစ်စေဖို့၊ သောက်နေတဲ့ ဆေးဝါးတွေ အကြောင်း ဂဃနဏ နားလည်နိုင်စေဖို့ Medication reconciliation ဝန်ဆောင်မှုကို ရယူဆောင်ရွက်နိုင်ပါပြီ။







Comments

Popular posts from this blog

ဆေးထောက်ခံချက်များရေးသားပေးခြင်း (Medical Certificates)

နာတာရှည်ရောဂါများ ကုသပေးခြင်း (Chronic illness Care)

CKK Clinic တွင် ရရှိနိုင်သော ကျန်းမာရေး ဝန်ဆောင်မှုများ Health Services Available in CKK Clinic