Posts

Showing posts from June, 2022

အိမ်တိုင်ရာရောက် စစ်ဆေးကုသမှုပေးခြင်း၊ (Home Visit)

Image
ဆေးခန်းသို့ လာရောက်ရန် အခက်အခဲရှိသော လူနာများအတွက် CKK Clinic ၏ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု ရှိပါသည်။  CKK Clinic လူနာမှတ်ပုံတင် စာရင်းသွင်းပြီးပါက ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်ပါသည်။ ဆေးခန်းသို့ လာရောက်၍ဖြစ်စေ၊ ဆေးခန်းဖုန်းနံပါတ် 09444181006 သို့ ဆက်သွယ်၍ဖြစ်စေ CKK Clinic ၏ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု ရယူနိုင်ပါသည်။

ဆေးထောက်ခံချက်များရေးသားပေးခြင်း (Medical Certificates)

Image
 CKK Clinic တွင် ဆေးကုသကြောင်း ထောက်ခံချက် ပေးခြင်း ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပေးခြင်းနှင့် လုပ်ငန်းမှ ကျန်းမာရေးအရ အနားယူရန် ထောက်ခံပေးခြင်းများ ဆောင်ရွက်ပေးပါသည်။ မှတ်ချက် ဆေးခန်းပြသထားရပါမည်။ ဆရာဝန်၏ ရောဂါတွေ့ရှိချက်အမှန်ကိုသာ ရေးသားပေးပါသည်။

ထိခိုက်ရှနာဒဏ်ရာနှင့် အနာရောဂါများ ကုသပေးခြင်း (Injuries and wound care)

Image
CKK Clinic တွင် ထိခိုက်ရှနာဒဏ်ရာနှင့် အနာရောဂါများအတွက်  ဆေးထည့်ပေးခြင်း၊  ပိုးသတ်ထားသော ပစ္စည်းကိရိယာများဖြင့် ဒဏ်ရာချုပ်ပေးခြင်း၊  ချုပ်ရိုးဖြည်ပေးခြင်း မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်းနှင့် အနာကျက်မြန်စေရန် ဆေးဝါးများညွှန်းပေးခြင်း ဆောင်ရွက်ပေးပါသည်။

အဆုတ်တီဘီရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း၊ အခမဲ့ ကုသပေးခြင်း (TB Diagnosis and Free anti-TB therapy)

Image
CKK Clinic သည် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ တီဘီရောဂါစီမံချက်ဝင်ဆေးခန်းဖြစ်သဖြင့်  အဆုတ်တီဘီရောဂါရှိ/မရှိ  ဓာတ်မှန်ရိုက်ခြင်း သလိပ်စစ်ခြင်းများကို အခမဲ့ စစ်ဆေးပေးပါသည်။ တီဘီရောဂါတွေ့ရှိရပါက  အခမဲ့ တီဘီရောဂါကုထုံး ရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်း နှင့် အတူနေမိသားစုဝင်များအား တီဘီရောဂါစစ်ဆေးပေးခြင်း ဆောင်ရွက်ပေးပါသည်။

ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း (Vaccination Services)

Image
ရောဂါ မဖြစ်ခင် ကာကွယ်ခြင်းသည် ရောဂါဝေဒနာခံစားလာရမှ ကုသခြင်းထက် ပိုမို ထိရောက်ပါသည်။ CKK Clinic တွင် ထိုးနှံနိုင်သော ရောဂါကာကွယ်ဆေးများမှာ ၁) ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး  ၂) အသည်းရောင် အသားဝါရောဂါ ဘီပိုးကာကွယ်ဆေး ၃) ခွေးရူးပြန်ရောဂါ ကကွယ်ဆေး ၄) မေးခိုင်ရောဂါကာကွယ်ဆေး ၅) သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး တို့ ဖြစ်ပါသည်။ ကြိုတင်စာရင်းပေးရန် လိုအပ်ပါသည်။ Cold Chain စိတ်ချရသော ဆေးများကို သာ အသုံးပြုပါသည်။ အသေးစိတ် သိရှိလိုပါက ဆေးခန်းဖုန်း 09450042741, 095057691 ဖေ့ဘုတ် messengerတွင် ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊အဝလွန်ရောဂါ ရှိ/မရှိ စစ်ဆေးကာ ကုသပေးခြင်း၊ ( Diagnosis and Treatment of Diabetes, Hypertension and Obesity)

 CKK Clinic တွင်  ဆီးချိုသွေးချိုရောဂါရှိ/မရှိ စစ်ဆေးပေးခြင်း (ရောဂါလက္ခဏာ ပြသမှု၊ အစာမစားမီ၊စားပြီး ဆီးချိုသွေးချိုဓာတ် ၊ လွန်ခဲ့သော ၃လအတွင်း သွေးချိုဓာတ် စစ်ဆေးပေးခြင်း) သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် အဝလွန်ရောဂါရှိ/မရှိ စစ်ဆေးပေးပါသည်။ ရောဂါအဆင့်နှင့် နောက်ဆက်တွဲများသတ်မှတ်ခြင်း၊ လိုအပ်သလို ကုသပေးခြင်းများဆောင်ရွက်ပေးပါသည်။

အရေးပေါ်ရောဂါများနှင့် ထိခိုက်ရှနာဒဏ်ရာများ ကုသမှုပေးခြင်း (Management of accidents and emergencies)

 အရေးပေါ်ရောဂါများနှင့် ထိခိုက်ရှနာဒဏ်ရာအများစုကို CKK Clinic တွင် ကုသပေးနိုင်ရန် ပြင်ဆင်ထားရှိပါသည်။ ရောဂါအခြေအနေအလိုက် ဓာတ်ခွဲ၊ဓာတ်မှန် စစ်ဆေးနိုင်စေရန်ဆောင်ရွက်ပေးပါသည်။ လွှဲပြောင်းကုသရန် လိုအပ်သောလူနာများကို စနစ်တကျညွှန်းပို့ပေးပါသည်။

မိသားစု စီမံကိန်း အကြံပေးခြင်း (Family Planning and Contraception Advice)

 ကလေးရယူလိုသည့် စုံတွဲများအတွက် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သားသမီးရယူနည်း အကြံပြုပေးခြင်းများ ဆောင်ရွက် ပေးပါသည်။ မိသားစု ဘဝ အချိုးညီ သာယာလှပစေရန် ရွေးချယ်ရမည့် အသင့်တော်ဆုံး သားဆက်ခြားနည်းလမ်းများ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ လတ်တလောတွင် CKK Clinic တွင် သားဆက်ခြား သောက်ဆေးနှင့် ထိုးဆေးများ ရရှိနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက ဆေးခန်းကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

သာမန်ရောဂါများစစ်ဆေးကုသပေးခြင်း (Diagnosis and Treatment of Minor/uncomplicated ailments of all age)

     သာမန်မျှသာ ထင်ရသော်လည်း အရေးကြီးသည့် ရောဂါလက္ခဏာ ရှိတတ်သဖြင့် ကျွမ်းကျင်သော ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရောဂါလက္ခဏာတစ်ခု  စတင်ခံစားရချိန် ဆွေးနွေးတိုင်ပင်ဖို့ အသင့်တော်ဆုံး၊ အသက်သာဆုံးနေရာတွေက အထွေထွေကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု ရရှိနိုင်တဲ့နေရာတွေပဲ ဖြစ်ပါတယ်။      CKK Clinic တွင် အဖြစ်များသော သာမန်ရောဂါမျိုးစုံကို ပြသကာ ကုသမှုခံယူနိုင်ပါသည်။ ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများ(တုပ်ကွေးရောဂါ၊ အအေးမိနှာစေးခြင်း၊ အပူဒဏ်ကြောင့် နုန်းခွေခြင်း၊ အရေပြားခြောက်သွေ့ခြင်း) သာမန် အရေပြားရောဂါများ(ဝက်ခြံ၊ပွေးရောဂါ၊အနာစက်၊ခြေချောင်းများသဲဝဲစားခြင်း) သာမန် မျက်စိရောဂါများ( မျက်ရည်ခမ်းခြောက်ခြင်း၊ မျက်စိနီခြင်း၊ယားယံခြင်း) သာမန် နားနှာခေါင်းရောဂါများ (နှာရည်ယို၊နှာပိတ်ခြင်း၊ နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း) သာမန် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောဂါများ( ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်လေပြွန်ရောင်ရောဂါ) သာမန် အစာအိမ်အူလမ်းကြောင်းရောဂါများ(အစာမကြေခြင်း၊ အော့အန်ခြင်း၊ ...

အသက်အရွယ်နှင့် ကျားမ အလိုက် ကျန်းမာရေးစစ်ဆေးပေးခြင်း (Personalized Medical Check-ups)

CKK Clinic တွင် မတူညီကွဲပြားကြသော လူနာများအတွက် Package အလိုက် မဟုတ်ဘဲ အသက်အရွယ်၊ကျားမ၊ ဆရာဝန်၏ ရောဂါစစ်ဆေးတွေ့ရှိမှု အခြေအနေ အလိုက် ကျန်းမာရေးစစ်ဆေးပေးပါသည်။ စစ်ဆေးတွေ့ရှိချက် အလိုက် ဆရာဝန်က နွေးထွေးစွာ အချိန်ပေးရှင်းပြပေးပါသည်။ ဆေးပညာကုသမှု လုပ်ငန်းစဉ်အရ ဆက်လက်ဆောင်ရွက်သင့်သည်များကိုလည်းအကြံပြုပေးပါသည်။ အလုပ် မဝင်မီ ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးပါသည်။ အိမ်ထောင်မပြုမီ ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်နိုင်ပါသည်။  

မိသားစုများ၏ ကျန်းမာရေးကိစ္စများ တိုင်ပင်ဆွေးနွေး အကြံပြုပေးခြင်း (Family and General Healthcare consultation)

သင့် လက်တစ်ကမ်းအတွင်းရှိ CKK Clinicတွင် သင်နှင့် သင်ချစ်ရသူများ၏ မည်သည့် ကျန်းမာရေးကိစ္စရပ် မဆို ရင်းနှီးနွေးထွေးစွာ ဆွေးနွေးတိုင်ပင်နိုင်ပြီး ဆေးခန်းမှ ဆရာဝန်၏ အတွေ့အကြုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ကျနိုင်မှု အခြေအနေအလိုက် အကောင်းဆုံး နည်းလမ်းများ အကြံပြု ပေးနိုင်ပါသည်။ CKK Clinic သည် ကျန်းမာရေး လျှို့ဝှက်ချက်ထိန်းသိမ်းပေးခြင်း(Confidentiality) ကို ဂရုပြုသဖြင့် ပေါက်ကြားမှု စိုးရိမ်ရန်မရှိပါ။ မွေးကင်းစကလေးငယ်အတွက်မှသည် ဆယ်ကျော်သက်၊ လူငယ်များ အလယ် ဖိုးဖိုးဖွားဖွားတို့အတွက် ကျန်းမာရေးကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နိုင်ပါသည်။