အသေးစား ခွဲစိတ်ကုသပေးခြင်း ( Minor Surgery)

အထွေထွေရောဂါကုဆေးခန်းတွင် ကုသနိုင်သော အသေးစားခွဲစိတ်မှုများကို CKK Clinic တွင် ဆောင်ရွက်နိုင်ပါသည်။ 
ရှေးဦးစွာ ဆရာဝန်နှင့် ပြသ၍ ရောဂါအမည်တပ်ခြင်း၊ ရောဂါ အဆင့်သတ်မှတ်ခြင်းများ ဆောင်ရွက်ရပါမည်။ လိုအပ်ပါက ရောဂါ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရပါမည်။ လူနာကို အသေးစိတ်ရှင်းပြမည်ဖြစ်ပြီး လူနာ၏ သဘောတူညီချက် လက်မှတ် ရရှိမှသာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးပါသည်။



ကုသနိုင်သော အသေးစား ခွဲစိတ် ရောဂါများမှာ 
- ခြေ၊လက် များရှိ အဆီကျိတ်၊ အသားပိုများ ဖြတ်ထုတ်ပေးခြင်း၊
- ခြေစွယ်လက်စွယ် ငုပ်ခြင်း၊ ပိုးဝင်ခြင်း(သို့) ပြည်တည်ခြင်းကို ခွဲစိတ်ကုသပေးခြင်း၊
- ခန္ဓာကိုယ်တွင်း ဝင်နေသော ပြင်ပပစ္စည်းများ ကို ထုတ်ပေးခြင်း၊
- အသားစနမူနာယူပေးခြင်း၊
- အဆစ်အတွင်း စတီးရွိုက် ဆေးထိုးခြင်း၊
- အနာဆေးထည့်ပေးခြင်း၊
- အရေပြား စုတ်ပြဲဒဏ်ရာများ ချုပ်ပေးခြင်း၊
- ချုပ်ရိုးဖြည်ပေးခြင်း စသည်တို့ဖြစ်ပါသည်။
CKK Clinic ဆေးခန်း၏ ကုသမှုဘောင်ကို ကျော်လွန်နေပါက လွှဲပြောင်းကုသပေးမည် ဖြစ်ပါသည်။

Comments